ခြွေမိတဲ့ အလွမ်း

10 June 2009

လွမ်းစရာရှိရင် လွမ်းစရာနဲ့ဖြေမိတယ်
အဆိပ်ကိုအဆိပ်နဲ့ဖြေတဲ့ ကုထုံးမျိုးတော့
သေချာကို မဟုတ်ခဲ့...

ဘယ်မှာလဲ မသိတော့တိုင်း
တနေရာရာဆိုတာ သေချာတဲ့အသိနဲ့
ကောင်းချီးပေးခဲ့
တနေ့နေ့ဆိုတာကို မေ့ပစ်ခဲ့တယ်...

ပျိုးခဲ့တဲ့မြေကွက်ကိုငေးရင်း
မျှော်လင့်ရတာထက်
မျှော်လင့်ရင်းမပျိုးမိဖို့ရည်စူးပြီး
မြေကွက်တစ်ခုအလွတ်ထား ကြည်နူးတယ်...

ရယ်ဟယ် ပြုံးဟယ်
(ဘယ်တော့မှ) ဆွေးမြည့်တယ်လို့မပြောခဲ့
လွမ်းဆွတ်ခြင်းကို တခက်ဆွတ်ယူလို့
ဆွတ်ပျံ့နွေးမြခဲ့ရတယ်...။ ။




17 Comments:

ရွှန်းမီ said...

လွမ်းမိပေါ့..
လွမ်းတော့လွမ်းတယ်.. လွမ်းပဲလွမ်းနေမယ် လို့.. ကဗျာလေးကို အဲ့လိုနားလည်မိပါတယ်..။

လင်းထက် said...

ပျိုးခဲ့တဲ့မြေကွက်ကိုငေးရင်း
မျှော်လင့်ရတာထက်
မျှော်လင့်ရင်းမပျိုးမိဖို့ရည်စူးပြီး
မြေကွက်တစ်ခုအလွတ်ထား ကြည်နူးတယ်...

ဒီစာသားလေးကို အကြိုက်ဆုံးပဲ ညီမလေးရေ.။

kaungkinpyar said...

လွမ်းနေတာလားညီမလေးရေ

ဝေလေး said...

လွမ်းတာကို လွမ်းစရာနဲ့ဖြေတော့ လွမ်းတာတွေပဲ အဖတ်တင်မှာပေါ့.... :P
လွမ်းနေတယ်လို့ပဲ မှတ်ယူသွားတယ်..

Anonymous said...

ကောင်းလိုက်တဲ့ ကဗျာလေး

မွန် said...

မီ--နားလည်ပေးလို့ ကျေးဇူးကွာ

ကိုလင်းထက်-- မွန်လဲ အဲဒီနေရာလေး အကြိုက်ဆုံးပဲ

ကောင်းကင်ပြာ-- လွမ်းတာပေါ့ အမရေ :D

ဝေလေး-- သူပြောမှ ပိုလွမ်းသွားပီ လွမ်းလောက်တာပေါ့ အရပ်ကတို့ရုယ် :D

anonymous-- ကျေးဇူးပဲနော်

Apprenticeship said...

မြေကို အနားပေးတဲ့ အနေနဲ့ အနားပေးရင် ပြန်စိုက်တဲ့ အချိန်အထွက်တိုးတယ်တဲ့ မွန်ရေ... မြေကွက်လပ်လေးအတွက် ကြည်နူးနေတာ ကောင်းပါတယ် :P

Upasaka said...

လွမ်းနေတာ လား..ဟင်?


http://upasaka969.wordpress.com

Banyarshein said...

ပျိုးခဲ့တဲ့မြေကွက်ကိုငေးရင်း
မျှော်လင့်ရတာထက်
မျှော်လင့်ရင်းမပျိုးမိဖို့ရည်စူးပြီး
မြေကွက်တစ်ခုအလွတ်ထား ကြည်နူးတယ်...

ကောင်းလိုက်တဲ့ စာသားလေးတွေ ။

ခင်မင်စွာဖြင့်
ဗညားရှိန်

mgngal said...

တခုတ်တရကို လွမ်းနေတာပါလား ။ နောက်ဆုံး အပိုဒ်လေး သဘောကျမိတယ် ။

ဇော် said...

လွမ်းတယ် .. လွမ်းတယ်..
ပြီးတော့ ဘာဆက်ပြောရမလဲဟင်...။
အဲ့ဒါ မွန့်ကြောင့်.. သူ့ကဗျာကောင်းတော့ ဖတ်မိတဲ့သူပါ လွမ်းသွားပြီ။ ဟင့်။

မွန် said...

Apprenticeship-- ဟုတ်တယ် အလွတ်ထားတာ အလကားမဟုတ်ဘူး နောက်နှစ်မှ နှစ်သီးစားစိုက်မှာ :P

Upsaka-- မလွမ်းတလွမ်းပဲ ကိုဥပသကာရဲ့ :D

ကိုဗညား-- ကိုဗညားက ကဗျာလေးတွေတင်ရင် လာဖတ်တယ်နော် မွန်သတိထားမိတယ်


မောင်ငယ်-- လွမ်းဆွတ်ခြင်းကို တခက်ဆွတ်ယူလို့ ဆွတ်ပျံ့နွေးမြခဲ့ရတယ် ဆိုတာလား ကဗျာရေးကောင်းတဲ့သူက သဘောကျတယ်ဆိုတော့ မွန်တို့အားတက်ရတာပေါ့း)

ဇော်-- ဟယ် တရားခံမရှာနဲ့နော် ဖတ်တဲ့သူကိုက အလွမ်းဓာတ်ခံရှိလို့ ဖြစ်ရမယ် မှန်မှန်ပြော

ရွှေပြည်သူ said...

ဖတ်ပြီးတော့ ဆွတ်ပျံ့သွားတယ်...
“ဘယ်မှာလဲ မသိတော့တိုင်း
တနေရာရာဆိုတာ သေချာတဲ့အသိနဲ့
ကောင်းချီးပေးခဲ့
တနေ့နေ့ဆိုတာကို မေ့ပစ်ခဲ့တယ်...” တဲ့လား ညီမလေးရယ်။ စိတ်ချမ်းသာ ပျော်ရွှင်ပါစေ...

kokomaung.uk said...

အဆိပ်ကို အဆိပ်နဲ့ဖြေတဲ့ ကုထုံး။
ဒါလေးလဲ ကောင်းပါတယ်။

မွန် said...

မမရွှေပြည်သူ - မမရေ ပေးတဲ့ဆုနဲ့ပြည့်ပါစေ မမရယ်

ကိုကိုမောင် - အဲဒီကုထုံးက တရုတ်ကားထဲမှာပဲရှိတာထင်ပါတယ် အကိုရယ်

Heartmuseum said...

ရယ်ဟယ် ပြုံးဟယ်
(ဘယ်တော့မှ) ဆွေးမြည့်တယ်လို့မပြောခဲ့
လွမ်းဆွတ်ခြင်းကို တခက်ဆွတ်ယူလို့
ဆွတ်ပျံ့နွေးမြခဲ့ရတယ်...
့heart ထိသွားတယ်...

TGRmg.net said...

ပေါင်မုန့်ရေစိမ်စားချင်လို့များ လွန်းနေသလားမသိ။
နိုနဲ့ ငါ့ညီမလေး တစ်တစ်း)