အသက်ကြီးပု

6 July 2009

ပြာသာပြာ
ဖွဲမထွက်ခဲ့
ကြာသာကြာ
တစ်ရာမပြည့်ခဲ့...

ကွာလတီပဲ ဆိုပြီး
ကြာရှည်ဆွဲ ရေးနေခဲ့
(ပြင်ဟယ် ပြင်ဟယ်နဲ့)
ထွက်လာတော့လဲ ဒီရုပ်
ဒီပဲထည့်တာ ဒီပုတ်...

အသက်ကြီးလဲ အသီးနုတော့ခါး
စိတ်ကြီးလဲ လက်သီးမထွား
အကောင်ကြီးလဲ အရိုးမျက်တဲ့ငါး
အချိန်ကြာလဲ မလိမ္မာတဲ့နွား...

ငဦးမှည့်လဲ
မထူးတဲ့ ငဘိတ်
အရင်မွေးလဲ
ဖင်သေးခါးချိတ်
လူသက်ရှိလဲ
စိတ်သက်ကနိမ့်...

စာရေးရင်းစာသင်
ကြင်လည်ရင်းလေ့လာ
(ဒီတစ်ခါ) တစ်ရာပြည့်ပြီ
"ရာ" ထဲက "ခု" တိုင်း
လူ့အသိုင်းအဝိုင်းကောင်းကျိုးပြုစေချင်
ခန္ဓာကြီးလျက် စိတ်သက်မနုစေချင်
အသက်ကြီးလဲ အရပ်မပုစေချင်။ ။

19 Comments:

ဝေလေး said...

Congratulation!!

မမရဲ့ သက်ကြီးပုတော့ မဖြစ်ပါဘူး... စိတ်သက်လည်းမနုပါဘူး..
တစ်ရာကနေ တစ်ထောင် တစ်သောင်းပေါင်းများစွာ ဆက်နိုင်ပါစေနော်...

ရွှန်းမီ said...

အသက်တစ်ရာပြည့်ပြီဆိုတော့ ဒေါ်နတ်သမီးမွန် ဖြစ်သွားပြီ ..း)
ဘလော့သက် ထောင်ကျော် သောင်းကျော် ရှည်ပါစေ....

မိုးစက်အိမ် said...

ကဗျားလေးက အသက်ဝင်လို.လာမသိဘူး
ကျွန်တော် ဖတ်နေတာ ရပ်စ် စာသားဆို
နေရသလို လေးတောင်ဖြစ်သွားတယ်ဗျာ
တကယ်ပါ...ခင်မင်လျက်..

မေဇင် said...

ကဗျာလေး ကကောင်းလိုက်တာ..။ အသက်ကြီးလဲ အရပ် မပု စေချင်၊ အသက်ကြီးလဲ စိတ်သက် မနုစေချင်..ခိခိ ကောင်းလိုက်တာ..နော်။

rose of sharon said...

ကဗျာလေးကိုကြိုက်တယ်

မီယာ said...

မွန်ရေ ရေးတတ်လိုက်တာ စကားမစပ် page တက်လာတာ ပိုမြန်လာသလိုပဲ

မာရေးသျှင် said...

အနုပညာစွမ်းအား
သူ့နောက်ကွယ်က စာဖတ်အား
ပြီးတော့ စိုက်ထုတ်ထားတဲ့ အင်အား
ထင်ရှားတဲ့ ကဗျာ.....

လင်းထက် said...

ကဗျာဆရာမကြီး ဖြစ်သွားပြန်ပြီပေါ့..
စွယ်စုံရအောင် လေ့ကျင့်နေတယ် ထင်ပါ့ ကောင်း၏ ညီမငယ် ဆက်ကြိုးစားပါ ..
ထင်သလောက် မပုတော့ပါဘူး အခု အတော်လေး မြင့်လာပါပြီ..

မွန် said...

ဝေလေး - ညီမလေးရေ ပေးတဲ့ဆုနဲ့ပြည့်ပါစေ

မီ- အဲဒီဒေါ်နတ်သမီးမွန်က သူငယ်ပြန်နေတာမီရေ

မိုးစက်အိမ်- မွန်လဲ အခုပြန်ဖတ်တာ ရက်ပသီချင်းလိုဖြစ်နေတယ် ဟားဟား

မေဇင်- တကယ်ကောင်းတာလား မေဇင့်ဆီလဲရောက်ဖြစ်တယ်

rose- အားပေးတာ ကျေးဇူးနှင်းဆီရေ

မမမီယာ- မမ မရောက်တာကြာလို့ မျှော်နေတာ ဟုတ်လား page တက်တာ မြန်လာတယ်လားမမ

မာရေးသျှင်- တကယ်အားရှိသွားတယ် သိလား ပြီးတော့ ကောမန့်ကိုက ကဗျာကောင်းလေး တစ်ပုဒ်ပါလားနော်

ကိုလင်းထက်- ဂျစ်ကိုကြီးပြောလို့ ကြိုးစားလိုက်ဦးမယ် အစကပုနေတယ်မှတ်တာ :P

Heartmuseum said...

သားသားကို စောင်းပြောတာလား တည့်တည့် ပြောတာလား.... အကောင်ပြလဲ ဒီက အရိပ်မမြင်ဘူးနော်.... ;D :P

ck said...

တကယ်ကောင်းတဲ့ ကဗျာပဲ။

ပြည့်စုံ said...

နတ်သမီးလေးမွန်...

ကာရံ လေးနဲ့ ကဗျာလေးက ထိမိလှပါပေတယ်ဗျာ...

စာသားလေးတွေ စကားလုံးလေးတွေ ရွေးချယ်သုံးတတ်ပါပေ့ဗျာ..


ပျော်ရွှင်ပါစေ...

ရွှေပြည်သူ said...

မွန်လေး... ပို့စ် (၁၀၀) ပြည့်တာလား။ ကောင်းလိုက်တဲ့ ကဗျာလေး။ စာကြောင်းတိုင်းကို ကြိုက်တယ်ဆိုတာထက် ပိုမပြောတတ်တော့ဘူး။ တော်လိုက်တာ ညီမလေးရယ်။

mgngal said...

ဘလော့ရေးတဲ့ ရည်ရွယ်ချက်လေးကို သဘောကျ မိပါတယ် ။ ဆက်လက်ပြီး ရာထောင် မက လျှောက်လှမ်းနိုင်ပါစေ ။ အားပေးလျက် ။
ကဗျားလေး တအား သဘောကျဖို့ ကောင်း ။း)

ဇော် said...

ကျနော်နောက်ကျသွားတာ ခွင့်လွှတ်ပါ မမမွန်။

ကဗျာလေးက ကောင်းသလို ပညာလဲ ပေးနေတယ်နော်။ =)

ကိုသန့်စင် said...

လူသက်ရှိလဲ စိတ်သက်ကနိမ့်တဲ့လား..လှလိုက်တဲ့အတွေးလေး
ရာထဲကခုတိုင်း ကောင်းကျိုးပြုနိုင်ပါစေ နတ်သမီးရေ..

TGRmg said...

တယ်.. ဒီကောင်မလေး
ဒီလောက်ကောင်းတဲ့ကဗျာရေးထားတာတောင် အားမလို အားမရဖြစ်နေသေးတယ်။
ဒီမှာ မဝလို့ ပြန်ဖတ်နေတာ ဘယ်နှစ်ခါရှိနေမှန်းတောင် မသိတော့ဘူး။
ငါ့ညီမလေးက စိတ်သက်လဲ မနိမ့်ဘူး အရပ်လည်း မပုဘူး အမြဲ ကဗျာထိထိမိမိတွေဆက်ရေးပါအုံးကွာ။
၁၀၀ ကနေ ၁၀၀၀ ၁၀၀၀၀ ကျော်သည်အထိပေါ့။

မွန် said...

ကိုပြတိုက်- အုံမပွင့်နဲ့ကွ ဟားဟား ကိုယ့်ကိုကိုယ်ရေးထားတာပါနော်

ck- တကူးတက လာရေးပေးတာ ကျေးဇူးပါ

ကိုပြည့်စုံ- ကာရံက အဲဒါ ဟစ်ပဟော့သီချင်းနဲ့ တူနေတယ်နော် ဟီး

မမရွှေပြည်သူ- မမရေ တစ်ရာပြည့်တာ ဖျစ်ဖျစ်မြည်အောင်ရေးရင်း ခုတော့တစ်ရာပြည့်ပြီး)

မောင်ငယ်- ရည်ရွယ်ချက်ကိုမြင်အောင်ဖတ်ပေးလို့ မွန်ဝမ်းသာတယ် တကယ်

ဇော်- ပညာက မမွန်ကိုယ်မမွန်ပေးနေရတာပါ ညီမလေးရယ်

ကိုသန့်စင်- ဟုတ်တယ်အကို လူသက်ထက် စိတ်သက်ကြီးမှ ရင့်ကျက်တာလေအကိုရယ် စကားမစပ် အကို့နာမည် သန့်စင်ဆိုတာ အဓိပ္ပါယ်ကောင်းလိုက်တာ

ကိုသက်- အရပ်ပုဘူးလားး)
စိတ်သက်လဲရှည် အရပ်လဲရှည်ပါတယ်နော့ အကို
ပေးတဲ့ဆုနဲ့လဲပြည့်အောင် ညီမလေး တရွတ်ဆွဲပြီး တွန်းရေးနေတယ် ဟဟ

ကိုရင်နော်ခင်လေးငယ် said...

မွန့် မွန် မွန်းးး..
အဲ.. ဒီကဗျာလေးကလည်း မြင့်လိုက်တာ..

လူ့အသိုင်းအဝိုင်းကောင်းကျိုးပြုစေချင်
ခန္ဓာကြီးလျက် စိတ်သက်မနုစေချင်
အသက်ကြီးလဲ အရပ်မပုစေချင်..


အတွေးလေးကလည်း ကောင်း
စကားလုံးတိုင်းက အားပါပြီး ဖတ်ရတာ ကောင်းလိုက်တာ..

ချစ်ခင်စွာဖြင့်..

ဦးနော်တီငယ်